တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း ၇၅ နှစ်ပြည့်အခါသမယတွင် China Media Group CGTN က တရုတ်ပြည်သူ့တက္ကသိုလ်နှင့်ပူးပေါင်းကာ ခေတ်သစ် နိုင်ငံတကာ သတင်းဖြန့်ချိရေး သုတေသနဌာနမှတစ်ဆင့် နှစ်နှစ်ဆက်တိုက်အနေဖြင့် “တရုတ်နိုင်ငံအပေါ် အကောင်းမြင်မှုအခြေအနေ” တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုလုပ်ဆောင်ခဲ့သည်။ ရလဒ်တွင် စစ်တမ်းဖြေကြားသူများက တရုတ်နိုင်ငံအပေါ် အကောင်းမြင်မှုသည် ဆက်တိုက် တိုးတက်လာပြီး စီးပွားရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့် နိုင်ငံတကာ လွှမ်းမိုးမှုအပိုင်းများတွင် ချီးကျူးခံခဲ့ရသည်။ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများမှ စစ်တမ်းဖြေကြားသူများနှင့် အသက် ၃၄ နှစ်အောက် လူငယ် စစ်တမ်းဖြေကြားသူများက တရုတ်အသွင်ပုံစံခေတ်မီမှုအယူအဆနှင့် အောင်မြင်မှုအပေါ် အလွန်သဘောတူကြသည်။
အထက်ပါစစ်တမ်းကောက်ယူမှုကို တစ်ကမ္ဘာလုံး နိုင်ငံပေါင်း ၄၁ နိုင်ငံမှ ဖြေကြားသူပေါင်း ၁၆၄၀၀ ပါဝင်ဖြေကြားခဲ့ပြီး မြောက်အမေရိကတိုက်၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ အိုရှန်းနီးယားတိုက်နှင့် အရှေ့တောင်အာရှ၊ အရှေ့အာရှ၊ တောင်အာရှ၊ အလယ်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသမှ ဖြေကြားသူများပါဝင်သည်။