ဝမ်ယိသည် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ယေဘုယျအချေအတင် ဆွေးနွေးပွဲသို့ တက်ရောက်

(GMT+08:00)2024-09-29 13:56:38  

ဒေသစံတော်ချိန် ယခုလ ၂၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ယေဘုယျ အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မန့်ခွန်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက နိုင်ငံအသီးသီးတို့အနေနှင့် အကျိုးတူကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း၍ ဆက်တိုက် ဖွံ့ဖြိုးသော လုံခြုံရေးအယူအဆကို စွဲကိုင်ထားကာ ပဋိပက္ခများနှင့် သဘောကွဲလွဲမှုများကို ဆွေးနွေးရေးနည်းလမ်းဖြင့်ဖြေရှင်းပြီး အပြန်အလှန် လေးစားမှု၊ တရားမျှတမှုနှင့် Win-Win ပူးပေါင်းဆောင်ရွက်မှု အခြေခံပေါ်တွင် နိုင်ငံတကာဆက်ဆံမှုသစ်ကို ထူထောင်ရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။