စက်တင်ဘာလ ၂၈ရက်နေ့က အစ္စရေးကာကွယ်ရေးတပ်မတော်မှ ထုတ်ပြန်သော ကြေညာချက်အရ လက်ဘနွန် Hezbollahမှ ခေါင်းဆောင် Hassan Nasrallahသည် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်း၊ အစ္စရေး တိုက်လေယာဉ်သည် စက်တင်ဘာလ ၂၇ရက်နေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် တောင်ပိုင်းဆင်ခြေဖုံး၌ တည်ရှိသော Hezbollahဌာနချုပ် ကို တိုက်ခိုက်ခဲ့ပြီး Nasrallah၊ လက်ဘနွန် Hezbollah တောင်ပိုင်းတပ်မှူး Ali Karake နှင့် အခြားHezbollah လက်နက်ကိုင် တပ်မှူးများသည် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရ ကြောင်း သိရှိရသည်။
ထိုနေ့နှောင်းပိုင်းတွင် Hezbollah သည် Hezbollah ခေါင်းဆောင် Nasrallah သေဆုံးပြီဟု အတည်ပြုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။