၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့၌ ကျင်းပနေသည်။ တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် တရုတ်နှင့် အာဆီယံနိုင်ငံများအတွက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း ပြုလုပ်စေနိုင်သော အရေးကြီး ပလက်ဖောင်းတစ်ခု တည်ထောင်ခဲ့ပြီး တရုတ်-အာဆီယံ ဆက်ဆံရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်း၏ မျက်မြင်သက်သေဖြစ်သည်။
အကောက်ခွန် ဌာနမှ စာရင်းအရ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပလာသည့် နှစ် ၂၀ အတွင်း နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ ၂၀၀၄ ခုနှစ် ယွမ် ၈၇၆.၃၈ ဘီလီယံမှ ၂၀၂၃ ခုနှစ် ယွမ် ၆.၄၁ ထရီလီယံ အထိ တိုးများခဲ့ပြီး နှစ်စဉ် ပျမ်းမျှ ၁၁ ရာခိုင်နှုန်း တိုးများလာသည်။ ယခုနှစ် ပထမ ၈ လပိုင်းအတွင်း တရုတ်နှင့်အာဆီယံအကြား သွင်းကုန်ပို့ကုန်ပမာဏမှာ ယွမ် ၄.၅ ထရီလီယံ ရှိပြီး အလားတူအချိန်ပိုင်းကထက် ၁၀ ရာခိုင်နှုန်း တိုးများလာကြောင်း၊ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဆက်လက်ဖြစ်နေပြီး ၎င်း၏ တိုးတက်မှုနှုန်းမှာ တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ၅ ခုထဲတွင် အလျင်မြန်ဆုံး ဖြစ်ကြောင်း သတင်းအရ သိရပါသည်။