ဒေသစံတော်ချိန် စက်တင်ဘာလ ၂၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် နယူးယောက်မြို့၌ ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတောအတွင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး Lavrov နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက ယခုနှစ်အတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားသမ္မတ ပူတင်တို့သည် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးသည့် မဟာဗျူဟာ လမ်းညွှန်ချက်ကို ပြသထားကြောင်း၊ ရေရှည် အိမ်နီးချင်းကောင်း ချစ်ကြည်ရေး၊ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့ကို စွဲကိုင်ပါက တရုတ်နှင့် ရုရှား ဆက်ဆံရေးသည် ဆက်တိုက် ရှေ့သို့ ချီတက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Lavrov က ရုရှားနှင့် တရုတ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုသည် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုသည့်အပြင် နိုင်ငံတကာ အခြေအနေ၏ အရေးကြီး တည်ငြိမ်ဖွယ်ရာအချက်လည်း ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။