တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နယူးယောက်မြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံစဉ် စက်တင်ဘာလ ၂၄ ရက်နေ့က ဂျီနီဗာ၌ ကျင်းပသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် အမေရိကန်အပါအဝင် နိုင်ငံအနည်းစုသည် ရှင်းကျန်း အရေးကို အကြောင်းပြုပြီး တရုတ် လူ့အခွင့်အရေးအခြေအနေကို မဟုတ်မမှန် ပုပ်ခတ်ပြောဆိုခဲ့ကြောင်း၊ ထိုအချိန်တွင် အစ္စလာမ်နိုင်ငံအများအပြားအပါအဝင် နိုင်ငံပေါင်း ၈၀ နီးပါးက တရုတ်နိုင်ငံကို ထောက်ခံသည့် ပူးတွဲကြေညာချက်ကို ဖတ်ကြားကြပြီး နိုင်ငံပေါင်း ၂၀ ကျော်က တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို ထောက်ခံအားပေးရန် နည်းလမ်းအမျိုးမျိုးဖြင့် သဘောထားဖော်ပြကာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးကိစ္စဖြစ်အောင်လုပ်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး လူ့အခွင့်အရေးကို အကြောင်းပြချက်အဖြစ် အသုံးပြုပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ပြောကြားကြပါသည်။
အမေရိကန်အပါအဝင် နိုင်ငံအနည်းစုသည် လူ့အခွင့်အရေးကိစ္စကို ခြယ်လှယ်နေတာက လူကြိုက်နည်းသည်ဟု ဝမ်ယိဆို
(GMT+08:00)2024-09-26 15:41:11