“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ရုရှား သီးသန့်လှုပ်ရှားမှု ကျင်းပ

(GMT+08:00)2024-09-26 15:33:48  

China Media Group က ဦးစီးကျင်းပသည့် “တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ရုရှား သီးသန့်လှုပ်ရှားမှုကို ဒေသစံတော်ချိန် စက်တင်ဘာလ ၂၄ ရက်နေ့က မော်စကိုမြို့၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ minister ကျမ်းဝေ၊ ရုရှားဖက်ဒရေးရှင်းကောင်စီ နိုင်ငံတကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ Denisov၊ Russian Gazette သတင်းစာဌာနမှ ဥက္ကဋ္ဌ Negoica၊ ရုရှား-တရုတ် ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ-၁ Kulikova စသည့် ဧည့်သည်တော် တစ်ရာကျော် တက်ရောက်ခဲ့ကြပါသည်။

ရှင့်ဟိုင်ရှုံက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ ကျရောက်လာမယ့် အချိန်မှာ China Media Group က ကျင်းပသည့် “တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွင် နိုင်ငံပေါင်း ၆၀ ကျော်မှ မိတ်ဆွေများ၏ တရုတ်နှင့်ရေစက်ပုံပြင်များကို ရေးထားသည့် “တိမ်လွှာကြား စာပေလွှာ” ၁၆၀၀ ကျော် ရရှိခဲ့ကြောင်း၊ မိမိတို့သည် နိုင်ငံတကာလူမှု ယဉ်ကျေးမှုဖလှယ်မှုများ အားကောင်းလာရေး၊ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုဆွေးနွေးမှုများ တွန်းအားပေးရေးတို့ကို မိမိတို့၏ တာဝန်အဖြစ် ဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာ ပရိသတ်များအတွက် မျှဝေခံစားနိုင်သော အလှတရားများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။