ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး သီအိုရီ နှီးနှောဖလှယ်ပွဲကို ဘေကျင်း၌ ကျင်းပ

(GMT+08:00)2024-09-26 15:30:33  

ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး သီအိုရီ နှီးနှောဖလှယ်ပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့က ဘေကျင်း၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး လီရှူလေသည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။

   နှီးနှောဖလှယ်ပွဲ တက်ရောက်သူများက ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပပြီးနောက်ပိုင်း ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေအဖြစ်ထားသည့် ပါတီဗဟိုကော်မတီသည် ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချပြီး ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးကို အားဖြည့် ဖော်ဆောင်ကာ အရည်အချင်းမြင့်မားသော တံခါးဖွင့်ရေးကို တွန်းအားပေး၍ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ဖော်ပြခဲ့ကြပါသည်။