တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး မျက်မှောက် စီးပွားရေး အခြေအနေကို လေ့လာဆွေးနွေးကာ လာမည့် အဆင့်ကာလ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။
ယခုနှစ်အတွင်း ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေအဖြစ် ထားသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံမှ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး အခက်အခဲများကို ကျော်လွှားကာ မက်ခရို စီးပွားရေး ထိန်းချုပ် ဆောင်ရွက်မှုများကို အားဖြည့်ခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဇောက်ချ ပြုလုပ်ခြင်း၊ ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်းနှင့် စီးပွားရေး ဖွဲ့စည်းပုံ ပိုမို ကောင်းမွန်စေခြင်းတို့ကို တွန်းအားပေးပြီး စီးပွားရေး တစ်ခုလုံး လည်ပတ်မှု တည်ငြိမ်ပြီး တိုးတက်လာကာ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား တည်ငြိမ်စွာ တိုးတက် လာကြောင်း၊ ပြည်သူလူထု၏ နေထိုင်မှုဘဝ အာမခံပေးရေးကို ထိရောက်စွာ ဆောင်ရွက်ခဲ့ပြီး အဓိကနယ်ပယ်များမှ အန္တရာယ်များ ဖြေလျှော့ရေးတွင် အပြုသဘော ဆောင်သော တိုးတက်မှုများကို ရရှိနိုင်ခဲ့ကြောင်း၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ တွန်းအားပေးပြီး လူမှုရေး အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း အစည်းအဝေးတွင် ဖော်ပြထားပါသည်။