တတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဒီဂျစ်တယ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို တရုတ် ဟန်ကျိုးတွင် စတင်ကျင်းပ

(GMT+08:00)2024-09-26 15:32:08  

စက်တင်ဘာလ ၂၅ ရက်နေ့က ဒီဂျစ်တယ်ကုန်သွယ်ရေးဖြင့် တစ်ကမ္ဘာလုံးကို ဆက်သွယ်ခြင်းဟူသော ဆောင်ပုဒ်ဖြင့် တတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် စတင်ကျင်းပခဲ့ ပါသည်။ ယခုအကြိမ်ကုန်စည်ပြပွဲတွင် စုစုပေါင်းဧရိယာအကျယ်အဝန်းမှာ စတုရန်းမီတာ ၁သိန်း၅သောင်း ရှိပြီး အထွေထွေပြသဇုန် ၁ခုနှင့် ထူးခြားချက်ပါရှိသော ဒီဂျစ်တယ်လုပ်ငန်း ပြသဇုန် ၈ခု ထားရှိကာ နိုင်ငံနှင့် ဒေသ ၃၂ ခုမှ လုပ်ငန်းကုမ္ပဏီ ၁၅၀၀ ကျော် ပါဝင်ခင်းကျင်းပြသထားပါသည်။ ကုန်စည်ပြပွဲတွင် ပါဝင်ခင်းကျင်းပြသသော နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများ၏ အရေအတွက်နှင့် ဧရိယာအကျယ်အဝန်းမှာ ရာခိုင်နှုန်း ၂၀ ကျော် အသီးသီးပါရှိပါသည်။

    ယခုအကြိမ်ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံ၏ ဒီဂျစ်တယ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပါသည်။