ထိုင်းနိုင်ငံနေရာအနှံ့မှာ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေပြီး သေဆုံးသူ ၄၉ ဦးအထိ တိုးလာ

(GMT+08:00)2024-09-26 15:45:06  

ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာနမှ ဒေသစံတော်ချိန် စက်တင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှ စ၍ ထိုင်းနိုင်ငံတစ်ဝှမ်း ပြည်နယ် ၃၅ ခုသည် ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရပြီး လက်ရှိ ၁၆ ပြည်နယ်တွင် ရေဘေးသင့်နေဆဲ ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် လူ ၄၉ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နေရာအများအပြားတွင် တောင်ပြိုကျမှုနှင့် မြေပြိုကျမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပြီး အချို့သော မီးရထားလမ်းများနှင့် ကားလမ်းများ ပျက်စီးသွားကာ ချင်းမိုင်ပြည်နယ်မှ လိုင်ပန်ပြည်နယ်အထိ ရထားလမ်းပိုင်းကိုလည်း ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း သတင်းရရှိပါသည်။