မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်မီဒီယာတက္ကသိုလ် တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယတွင် မီဒီယာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားလုံးကို စာပြန်ခဲ့ပါသည်။
ရှီကျင့်ဖိန်က ခေတ်သစ်နှင့် ခရီးသစ်တွင် ပညာသင်ကြားရေး၏ဝိသေသလက္ခဏာများကို မီးမောင်းထိုးပြရန်၊ ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုကို နက်ရှိုင်းစေရန်၊ သင်ကြားမှုနှင့် သိပ္ပံပညာ သုတေသနအဆင့်အတန်းကို စဉ်ဆက်မပြတ်တိုးတက်စေရန်၊ အရည်အသွေးမြင့်မားသော သတင်းမီဒီယာလူရည်ချွန်များ ပြုစုပျိုးထောင်ပေးရန် မျှော်လင့်ကြောင်း ဖော်ပြပါသည်။