ဝမ်ယိသည် G-20 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-09-26 16:26:35  

စက်တင်ဘာလ ၂၅ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နယူးယောက်တွင် G-20 အဖွဲ့  နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဝမ်ယိက ယခုနှစ် G-20 အဖွဲ့ ထိပ်သီးအစည်းအဝေး၏ ဆောင်ပုဒ်မှာ "တရားမျှတသောကမ္ဘာနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကမ္ဘာမြေကို တည်ဆောက်ခြင်း" ဖြစ်ပြီး၊ ယင်းသည် ခေတ်၏လိုအပ်ချက်ကို တုံ့ပြန်ပြီး လူအများ၏ ဆန္ဒနှင့်ကိုက်ညီပါကြောင်း၊ G-20 အဖွဲ့ သည် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသူဖြစ်ရကြောင်း၊ G-20 အဖွဲ့ သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ငွေရေးကြေရေး စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို ထွန်းအားပေးသူဖြစ်ရကြောင်း၊ G-20 အဖွဲ့ သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး မြှင့်တင်ပေးသူဖြစ်ရ ကြောင်း၊ G-20 အဖွဲ့ သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များတွင် ပြုပြင်ပြောင်းလဲရေးကို ကျင့်သုံးသူဖြစ်ရကြောင်း ပြောကြားခဲ့ပါသည်။