တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများဘုံအဖွဲ့ Quartet နိုင်ငံခြားရေး ဝန်ကြီးများ အဋ္ဌမအကြိမ်မြောက် ဆွေးနွေးပွဲသို့ ဝမ်ယိ တက်ရောက်

(GMT+08:00)2024-09-26 15:31:29  

စက်တင်ဘာလ ၂၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများဘုံအဖွဲ့ Quartet နိုင်ငံခြားရေးဝန်ကြီးများ အဋ္ဌမအကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများဘုံအဖွဲ့ အလှည့်ကျသဘာပတိနိုင်ငံ ဟွန်ဒူရပ်နိုင်ငံခြားရေးဝန်ကြီး Eduardo Enrique Reina သည် ဆွေးနွေးပွဲကို ဦးစီး ကျင်းပပြီး တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများဘုံအဖွဲ့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

    ဝမ်ယိ က ၅ နှစ်ကြာပြီးနောက် တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ ဘုံအဖွဲ့ Quartet နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ထပ်မံကျင်းပခြင်းမှာ အထူးအဓိပ္ပါယ် ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရားမျှတမှုနှင့် အကျိုးစီးပွားဆိုင်ရာ မှန်ကန်သော အမြင်များကို ဆက်လက်ထိန်းသိမ်းပြီး လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ ရပ်ကို အကောင်အထည်ဖော်ပြီး “Belt and Road”အရည်အသွေး မြင့်မားစွာ အတူတကွတည်ဆောက်ရေးနှင့် ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအကြား နက်ရှိုင်းသော ချိတ်ဆက်မှုကို တွန်းအားပေးကာ တရုတ်-လက်တင် အမေရိကနှင့် ကာရေဘီယံနိုင်ငံများအကြား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှုကို မြှင့်တင်၍ တရုတ်-လက်တင်အမေရိကနှင့်ကာရေဘီယံနိုင်ငံများမှ ပြည်သူများအား ပိုမို များပြားသော အကျိုးသက်ရောက်မှုများကို ဆောင်ကျဉ်းပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ ပါသည်။