ဒေသစံတော်ချိန် စက်တင်ဘာလ ၂၄ရက်နေ့က ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Sorawong က ယခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စက်တင်ဘာလ ၂၂ရက်နေ့အထိ ထိုင်းနိုင်ငံသည် နိုင်ငံခြားသားခရီးသည် ၂၅.၄၁သန်းကို လက်ခံခဲ့ပြီး ထိုင်းဘတ်ငွေ ဘီလီယံ ၁၁၉၀ ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် တရုတ်ပြည်မကြီးမှ ခရီးသည်ဦးရေသည် ၅.၁၀၈ သန်းရှိပြီး ပထမနေရာ၌ တည်ရှိကြောင်း၊ နောက်ဆက်တွဲ နေရာများတွင် မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ရုရှား တို့ဖြစ်ကြ ကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက ထိုင်းနိုင်ငံသည် တရုတ်ခရီးသည်များ ကြိုက်နှစ်သက်သည့် ခရီးသွားနေရာ အမြဲတမ်းဖြစ်ကြောင်း၊ တရုတ်အမျိုးသားနေ့ကျရောက်လာတော့မည့်အခါသမယတွင် တရုတ်ခရီးသည်များ ထိုင်းနိုင်ငံသို့ လာရောက်ခရီးလှည့်လည်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။