ယခုလ ၂၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် New York ၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong နှင့် တွေ့ဆုံခဲ့ပါသည်။
ဝမ်ယိက တရုတ်-သြစတြေးလျ ဆက်ဆံမှု တိုးတက်ကောင်းမွန်လာခြင်းကို နှစ်နိုင်ငံ အလွှာပေါင်းစုံမှ ကြိုဆိုထောက်ခံကြကြောင်း၊ ယင်းသည် နှစ်ဖက်တို့မှ အတူတကွ ကြိုးပမ်း လုပ်ဆောင်ခြင်း၏ ရလဒ်ဖြစ်ပြီး၊ တရုတ်-သြစတြေးလျ ဆက်ဆံမှုခိုင်မာပြီး တည်ငြိမ်စွာ တိုးတက်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ ဘုံမျှော်လင့်ချက်ဖြစ်သည်ဟုလည်း ပြသကြောင်း ပြောကြားခဲ့ပါသည်။
Penny Wong က စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဆောင်ရွက် ရန်၊ ပညာရေးကူးလူးဖလှယ်မှု မြှင့်တင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံမှု တည်ငြိမ်စွာ တိုးတက် အောင် တွန်းအားပေးရန် တရုတ်နိုင်ငံနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရပါသည်။