အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် Khamenei က လက်ရှိပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့် လက်ဘနွန်-အစ္စရေး ပဋိပက္ခများတွင် အမေရိကန်က အစ္စရေး၏ လုပ်ဆောင်ချက်များကို မသိရှိကြောင်း ပြောကြားခဲ့သော်လည်း အမှန်မှာတော့ အမေရိကန်သည် ယင်းအကြောင်းကို သိရှိရုံသာမက ပါဝင်ပတ်သက်နေကြောင်း၊ လက်ရှိ အမေရိကန်အစိုးရသည် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရန် အစ္စရေးမှ အနိုင်ရခြင်းကို လိုအပ်ကြောင်း၊ သို့သော် သူတို့က အစ္စလာမ်အသိုင်းအဝန်းမှ ထောက်ခံမဲများကိုလည်း လိုချင်သောကြောင့် အစ္စရေး၏ လုပ်ဆောင်ချက်များတွင် သူတို့ပါဝင်ခြင်းမရှိဟု ညာပြောခဲ့ကြောင်း ဒေသစံတော်ချိန် ယခုလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။
အီရန်၏ ထိပ်တန်းခေါင်းဆောင် Khamenei က အမေရိကန်သည် အစ္စရေး စစ်ရေး ဆောင်ရွက်မှုကို ထောက်ခံသူဖြစ်သည်ဟု ဆို
(GMT+08:00)2024-09-26 15:40:25