
စက်တင်ဘာလ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ လက်ရှိ လက်ဘနွန်-အစ္စရေးအခြေအနေနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ဘက်အသီးသီးတို့အနေနှင့် ဆောင်ရွက်ချက်များ ချက်ချင်းပြုလုပ်ပြီး လက်ဘနွန်-အစ္စရေး အခြေအနေကို လျော့ပါးစေရန်၊ ဒေသတွင်း တင်းမာမှု ဆက်လက် မဆိုးရွားစေရန်၊ အရှေ့အလယ်ပိုင်းဒေသ၏ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ပြည်သူလူထု၏ အသက်ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ ထိန်းသိမ်းစောင့်ရှောက်ရန် တိုက်တွန်းကြောင်း၊ တရုတ်ပြည်အနေနှင့် နိုင်ငံတကာမိသားစုကြီးနှင့်အတူ ဆက်လက် ကြိုးပမ်းအားထုတ်လိုကြောင်း ပြောကြားခဲ့ပါသည်။








