ဝမ်ယိသည် ကုလ လုံခြုံရေးကောင်စီ၏ ယူကရိန်းရေးရာ အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-09-25 14:29:27  

ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ လုံခြုံရေးကောင်စီ၏ ယူကရိန်းရေးရာ အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဝမ်ယိက အကျပ်အတည်း လျှော့ချရန်၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ  ပြုလုပ်ရန် နှင့် စစ်ပွဲမ ပြန့်ပွားရန် တိတိကျကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝမ်ယိက အဆိုပြုခဲ့သည်။