Chang'e-6 မစ်ရှင် ပြီးမြောက်ပြီးနောက် တရုတ်နိုင်ငံ၏ လကမ္ဘာစူးစမ်းလေ့လာရေး ပရောဂျက်သည် နိုင်ငံတကာ လကမ္ဘာသိပ္ပံသုတေသနဌာနအတွက် အုတ်မြစ်ချရန် လွှတ်တင် ရေး မစ်ရှင်နှစ်ခုကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အမြန်ဆုံး ၂၀၂၆ခုနှစ်တွင် ပထမ အကြိမ် လွှတ်တင်ရေး မစ်ရှင်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့ က တရုတ်နိုင်ငံတော် အာကာသ ရေးရာဌာနကကြေညာခဲ့သည်။
အစီအစဉ်အရ၊ တရုတ်နိုင်ငံသည် Chang'e-7 ကို ၂၀၂၆ခုနှစ်တွင် လွှတ်တင်မည်ဖြစ်ပြီး Chang'e-8 ကို ၂၀၂၈ ခုနှစ် ဝန်းကျင်တွင် လွှတ်တင်မည်ဖြစ်သည်။ Chang'e-7 သည် လကမ္ဘာ၏ တောင်ဝင်ရိုးစွန်း ပတ်ဝန်းကျင်နှင့် အရင်းအမြစ်များကို စူးစမ်းလေ့လာရန်ဖြစ်ပြီး Chang'e-8 သည် လကမ္ဘာ၏ အရင်းအမြစ်များ လကမ္ဘာ၌ အသုံးချသည့်နည်းပညာကို စစ်ဆေးအတည်ပြုရန်နှင့် လကမ္ဘာသိပ္ပံသုတေသနဌာန တည်ဆောက်မှုအတွက် အုတ်မြစ် ချရန်အတွက်လည်း ဖြစ်သည်။ ဆက်သွယ်ရေးစွမ်းရည်ကို ထည့်သွင်းစဉ်းစား၍ လကမ္ဘာ ပေါ်တွင် Wi-Fi ၊ စွမ်းအင်များ ရှိလာမည်ဖြစ်သည်။ ၂၀၃၅ခုနှစ်လောက်မှာ လကမ္ဘာ သိပ္ပံ သုတေသန စခန်းကို အခြေခံအားဖြင့် တည်ဆောက် သွားမည် ဖြစ်ပါသည်။