ဂျပန်ပင်လယ်ပြင်ရေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ Suzutsuki အစောင့်အကြပ် သင်္ဘော သည် ၂၀၂၄ ခုနှစ် ဇူလိုင်လက တရုတ် ရေ ပိုင်နက်သို့ ကျူးကျော် ဝင်ရောက်ခဲ့မှုနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်ကာကွယ်ရေးဝန်ကြီး မိနိုရုခိဟာရ က ဇူလိုင်လတွင်သင်္ဘော ကပ္ပတိန် ရာထူးမှ နှုတ်ထွက်ကာ ပြောင်းလဲခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ဂျပန် Suzutsuki အစောင့်အကြပ် သင်္ဘော သည် တရုတ်နိုင်ငံ၏ ကြိမ်ဖန်များစွာ သတိပေးချက်များကို လျစ်လျူရှုပြီး တရုတ်ရေ ပိုင်နက်သို့ ကျူးကျော် ဝင်ရောက်ခဲ့ပါသည်။ အမှုအခင်း ဖြစ်ပွားပြီးနောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနသည် ဂျပန်နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆိုပြီး ယင်း အမှုအခင်းကို ဆုံးခန်းတိုင်အောင် စုံစမ်းစစ်ဆေးကာ အလားတူ အမှုအခင်းကို ထပ်မံမဖြစ်ပွားစေရန် တောင်းဆိုခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ စုံစမ်းစစ်ဆေးမှု ရလဒ်တွင် Suzutsuki အစောင့်အကြပ် သင်္ဘောသည် ကြီးမား သော မှားယွင်းမှု ရှိသည်ဟု ဝန်ခံခဲ့ပါသည်။