ဖုန်လိယွမ်သည် "တရုတ်-အမေရိကန် ချစ်ကြည်ရေး၊ လူငယ်များ အတူတကွ လျှောက်လှမ်းခြင်း" တရုတ်-အမေရိကန် လူငယ် ယဉ်ကျေးမှုနှင့် အားကစား ချစ်ကြည်ရေးပွဲကို တက်ရောက်

(GMT+08:00)2024-09-25 11:50:59  

စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ဇနီး ဖု န် လိယွမ်သည် ဘေကျင်း အမှတ် ၈ အလယ်တန်းကျောင်း၌ "တရုတ်-အမေရိကန် ချစ်ကြည်ရေး၊ လူငယ်များ အတူတကွ လျှောက်လှမ်းခြင်း" တရုတ်-အမေရိကန် လူငယ် ယဉ်ကျေးမှုနှင့် အားကစား ချစ်ကြည်ရေးပွဲကို တက်ရောက်ခဲ့သည်။ 

ဖုန်လိယွမ် သည် အမေရိကန် ဝါရှင်တန်ပြည်နယ်မှ လူငယ်ကိုယ်စားလှယ်အဖွဲ့နှင့် ရင်းရင်း နှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ဖုန်လိယွမ်က ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တရုတ်နိုင်ငံသို့ လာရောက်လေ့လာပြီး တရုတ်အစစ်အမှန်ကို တွေ့ကြုံခံစားရန် ကြိုဆိုကြောင်း၊ တရုတ်နှင့် အမေရိကန်တို့မှ လူငယ်များသည် အချင်းချင်း သိရှိ နားလည်ပြီး အပြန်အလှန် ဆက်ဆံကာ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အပြု သဘောဆောင်သော အင်အားများ ထည့်သွင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။