မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပူရ် တိုင်း ရင်းသားလူမျိုးစုများ စည်းလုံးညီညွတ်ရေး ကျမ်းသစ္စာ ကျောက်တိုင်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သူများ၏ နောင်လာနောက်သားများအား အကြောင်းပြန်စာ ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်၏ ပြန်စာတွင် ၁၉၅၁ ခုနှစ်က ခင်ဗျားတို့၏ ဘိုးဘွားများ အပါအဝင် တိုင်းရင်းသားလူမျိုးစုပေါင်းစုံမှ ကိုယ်စားလှယ်များသည် ကျောက်တိုင်ရှေ့၌ ကျမ်းသိစ္စာ ကျိန်ဆိုခဲ့ပြီး ပါတီ၏ ဦးဆောင်မှုဖြင့် တစ်ညီတစ်ညွတ်တည်း ချီတက်ရန် ကတိပြုခဲ့ကြကြောင်း၊ တရုတ် တိုင်းရင်းသားလူမျိုးစုများသည် မိသားစုကြီး တစ်ခု ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစု ၅၆ မျိုးသည် ချစ်ခင်ရင်းနှီးသော မိသားစုဝင်များ ဖြစ်ကြောင်း၊ ခင်ဗျားတို့ အနေနှင့် ဘိုးဘွားများ၏ အစဉ်အလာကောင်း ထွန်းကားလာအောင် ဆောင်ရွက်ပြီး တိုင်းရင်းသားလူမျိုးစုများ စည်းလုံးညီညွတ်ရေးကို ဘိုးစဉ်မြေးဆက် ဆက်ခံ လာရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။