စက်တင်ဘာလ ၂၄ ရက်နေ့က ၁၁ ကြိမ်မြောက် ပိုးလမ်းမကြီးရုပ်ရှင်ပွဲတော် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ရုပ်ရှင်ဖြန့်ချိရေးနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ရှီးအန်းမြို့တွင် ကျင်းပခဲ့ကြောင်း၊တရုတ်၊ ပါကစ္စတန်၊ မလေးရှားနှင့် ပြင်သစ်တို့အပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခုမှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
အခမ်းအနားတွင်“နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ရုပ်ရှင်ပရောဂျက် ရလဒ်များ ဖြန့်ချိရေး” အစီအစဉ်မှ ထုတ်လွှင့်သောရုပ်ရှင်ကားများသည် လှုပ်လှုပ်ရှားရှား ခံစားနားလည်နိုင်သော ဇာတ်လမ်းများမှတစ်ဆင့် တရုတ်နိုင်ငံနှင့် နိုင်ငံအသီးသီးအကြား ပေါင်းကူးတံတားတစ်ခုကို တည်ဆောက်ကာ တရုတ်နှင့် နိုင်ငံခြား ယဉ်ကျေးမှု အပြန်အလှန် ကူးလူးဖလှယ်ခြင်းကို တိုးမြှင့်ခဲ့ကြောင်း သတင်းအရ သိရပါသည်။