ဒေသစံတော်ချိန် စက်တင်ဘာလ ၂၃ ရက်နေ့မှာ အမေရိကုန် ကုန်သွယ်ရေး ဝန်ကြီး ဌာနက အမေရိကန် လမ်းများပေါ်ရှိ ဆိုက်ဘာသုံး မော်တော်ကားများ တရုတ်နိုင်ငံရဲ့ software နဲ့ hardware အသုံးပြုခြင်းကို ပိတ်ပင်ဖို့ အဆိုပြုခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာများက "အဲဒါဟာ အမေရိကန်က တရုတ်ပြည်ထုတ် မော်တော်ကားများကို ဖိနှိပ်ဖို့ ဆောင်ရွက်ချက် အသစ်တွေ ဖြစ်ပြီး ထင်ရှားသိသာသော ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်း လုပ်ရပ် ဖြစ်ကြောင်း"၊ "ဒီလုပ်ရပ်ဟာ တရုတ် မော်တော်ကားများရဲ့ ယှဉ်ပြိုင် စွမ်းအားကို ဖြတ်တောက်နိုင်မှာ မဟုတ်ကြောင်း"၊ "အဲဒါဟာ နိုင်ငံတကာ ကုန်စည် ထောက်ပံ့မှု ကွင်းဆက်များအပေါ် ဆိုးကျိုးများ ဖြစ်စေနိုင်မှာ ဖြစ်ကြောင်း" အသီးသီး ပြစ်တင် ဝေဖန် ခဲ့ကြပါတယ်။
တရုတ်ပြည်ထုတ် မော်တော်ကားများ တင်သွင်းမှုကို ကန့်သတ်ပြီး မော်တော်ယာဉ် စည်း စနစ် နဲ့ အစိတ်အပိုင်း ပစ္စည်းများ အသုံးပြုတာကို ပိတ်ပင်ဖို့လည်း စီစဉ်နေတာ၊ အမေရိကန်က ရည်ညွှန်းတာဟာ တရုတ်ပြည်ထုတ် လျှပ်စစ်ကားများနဲ့ စမတ်ကားများ ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်ရပ်လုံးပဲ ဖြစ်တယ်။
တရုတ် မော်တော်ကား ဈေးကွက်များ သတင်းအချက်အလက် ပူတွဲအသင်း အတွင်းရေးမှူးချုပ် ဆွေတုန်ရှူက တရုတ်နိုင်ငံရဲ့ စမတ် ဆိုက်ဘာသုံး မော်တော်ကားများရဲ့ software နဲ့ hardware ဟာ အတိုင်းအတာအရ ထုတ်လုပ်တာ ဖြစ်ပြီး နိုင်ငံတကာ စံချိန်စံနှုန်း မီတာ ဖြစ်ကာ တရုတ်နိုင်ငံရဲ့ ကုန်စည် ထောက်ပံ့ရေးကွင်းဆက်လည်း ထိရောက် လုံခြုံမှု အရှိဆုံး ဖြစ်ကြောင်း၊ အမေရိကန်ရဲ့ "ပိတ်ပင်ရေး အမိန့်"သစ် ဟာ မှားယွင်းမှုကြီး တစ်ခု ဖြစ်ပြီး အမှန်တော့ "ကွင်းဆက် ဖြတ်တောက်ခြင်း" ပြုလုပ်နေတာ ဖြစ်ကာ နိုင်ငံတကာ မော်တော်ကားလုပ်ငန်းအပေါ် ပိုမို များပြားသော မတည်ငြိမ်စရာတွေကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အစီအစဉ်အရ အမေရိကန် အစိုးရဟာ လာမယ့် ရက် ၃၀ အတွင်း တရုတ်ပြည်ထုတ် မော်တော်ကားများအပေါ် "ပိတ်ပင်ရေး အမိန့်"သစ် ဆိုင်ရာ အများပြည်သူရဲ့ ဝေဖန် သုံးသပ် ချက်များကို ကြားနာ လက်ခံရမှာ ဖြစ်တယ်။ အမေရိကန် အစိုးရ အနေနဲ့ ပြည်တွင်း သက်ဆိုင်ရာ လုပ်ငန်းများရဲ့ တောင်းဆိုချက် အသံများကို ကြားနာပြီး ကိုယ့်ကိုယ်ကိုလည်း ထိခိုက် သူများကိုလည်း ထိပါးသော လုပ်ရပ်ကို အမြန်ဆုံး ရပ်တန့်သင့်တယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း ကိုယ်တိုင်ရဲ့ တရားမျှတသော အကျိုးစီးပွားနဲ့ အခွင့်အရေးများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ပါမယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။