တရုတ်နိုင်ငံသည် ၁၅ နှစ်ဆက်တိုက် အာဆီယံ၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာပြီး၊ အပြန်အလှန်ရင်းနှီးမြှုပ်နှံရန်အတွက် အလားအလာ ကျယ်ပြန့်

(GMT+08:00)2024-09-25 14:36:05  

    ယခုလ ၂၃ ရက်နေ့က ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ "တရုတ်- အာဆီယံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ အစီရင်ခံစာ 2024-2025" ၏ စက္ကူပြာစာတမ်းကို ကွမ်ရှီးဒေသ နန်နင်းမြို့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၄င်းစက္ကူပြာစာတမ်းတွင် တရုတ်-အာဆီယံ ကုန်သွယ်မှု အတိုင်းအတာ တိုးချဲ့ရန် မျှော်လင့်ချက်ရှိပြီး အပြန်အလှန် ရင်းနှီးမြှုပ်နှံရန် အလားအလာ ကျယ်ပြန့်ကြောင်း ဖော်ပြခဲ့ ပါ သည်။

ဝန်ဆောင်မှုရေးရာ ကုန်သွယ်ရေးသည် တစ်ဆင့်တက် အရည်အသွေး တိုးမြင့်လာ မည်ဖြစ်ပြီး တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်  ဗားရှင်း 3.0 ကို အကောင်အထည်ဖော်လာလျှင်၊ လုပ်ငန်းကုမ္ပဏီများအတွက် ပိုမိုများပြားသော စီးပွားရေး အခွင့်အလမ်းများကို ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း စက္ကူပြာစာတမ်းတွင်ဖော်ပြထား သည်ဟု သတင်းအရသိရပါ သည်။