အမေရိကန် PVH ကုမ္ပဏီ အုပ်စု အပေါ် အားကိုးမရသော လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့အစည်းများ စာရင်းကို စုံစမ်းစစ်ဆေးမှု စတင် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်

(GMT+08:00)2024-09-25 14:38:37  

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ယခုလ ၂၄ရက်နေ့က ကြေညာချက် ကို ထုတ်ပြန်ခဲ့ရာ  ၎င်းကြေညာချက်တွင် အမေရိကန် PVH ကုမ္ပဏီ အုပ်စုသည် ရှင်းကျန်းနှင့် ပတ်သက်သော ထုတ်ကုန် ပစ္စည်းများနှင့် ပတ်သက်၍ ပုံမှန် ဈေးကွက် ရောင်းဝယ်ရေး အခြေခံမူကို ဖောက်ဖျက်ပြီး တရုတ် လုပ်ငန်းကုမ္ပဏီများ၊ အခြား အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပုံမှန် ရောင်းဝယ် မှုများကို ဖြတ်တောက်ကာ ခွဲခြားဆောင်ရွက်မှုကို ကျင့်သုံးသည်ဟု မကြာခင်က သက်ဆိုင်ရာ လုပ်ငန်းဌာနသည် အားကိုးမရသော လုပ်ငန်း ကုမ္ပဏီနှင့် အဖွဲ့အစည်းများ စာရင်း ဆိုင်ရာ လုပ်ငန်း ယန္တရား ထံသို့ တိုင်ကြားခဲ့သောကြောင့် ယင်းကိစ္စကို စုံစမ်း စစ်ဆေးမှုကို စတင် ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ ကြောင်း ဖော်ပြထား သည်။

    တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ခံ တစ်ဦးက တရုတ် နိုင်ငံ သည် အားကိုးမရသော လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့အစည်းများစာရင်း ဆိုင်ရာ ပြဿနာများ ကို အမြဲတစေ ဆင်ခြင်မှု ရှိစွာဖြင့် ကိုင်တွယ်ဖြေရှင်းပြီး ယင်းသည် ဈေးကွက် စည်းမျဉ်း ဥပဒေ ကို ဖောက်ဖျက်ကာ တရုတ် ဥပဒေကို ချိုးဖောက်သည့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီနှင့် အဖွဲ့အစည်း အနည်းစုကိုသာ ရည်ရွယ်ကြောင်း၊ ရိုးသားမှုနှင့် ကတိသစ္စာ စောင့်စည်းမှုရှိပြီး တရား ဥပဒေနှင့် အညီ လုပ်ကိုင်ဆောင်ရွက်သော နိုင်ငံခြား ကုမ္ပဏီနှင့် အဖွဲ့ အစည်း များအနေဖြင့်  စိုးရိမ်ရန် လုံးဝ မလိုအပ်ကြောင်း ပြောကြားခဲ့သည်။