၂၀၂၄ခုနှစ် အနောက်ပစိဖိတ် အပြည်ပြည်ဆိုင်ရာခရီးစဉ်၏ သိပ္ပံသုတေသနပြုမှု အောင်မြင် စွာ ပြီးဆုံး

(GMT+08:00)2024-09-25 14:31:57  

စက်တင်ဘာလ ၂၄ ရက်နေ့တွင် “Shen Hai-1” သင်္ဘောသည် Jiaolong လူလိုက်ပါသော စူးစမ်းလေ့လာရေး ပင်လယ်ရေနက် ရေငုပ် ယာဉ်ကို တင်ဆောင်ပြီး ဟောင်ကောင် ဗစ်တိုးရီးယား ပင်လယ်အော်ရှိ Tsim Sha Tsui ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။  ယင်းသည် ၂၀၂၄ခုနှစ် အနောက်ပစိဖိတ်အပြည်ပြည်ဆိုင်ရာခရီးစဉ်၏ သုတေသနပြုမှုကို အောင်မြင်စွာ ပြီးစီးခဲ့ခြင်းကို ပြသနေပါသည်။

၂၀၂၄ခုနှစ် အနောက်ပစိဖိတ် အပြည်ပြည်ဆိုင်ရာခရီးစဉ်သည် ဩဂုတ်လ ၁၀ရက်နေ့မှ စတင်ခဲ့ပြီး ၄၅ ရက် ကြာမြင့်ခဲ့ပါသည်။ ယင်းခရီးစဉ်တွင် "Jiaolong" လူလိုက်ပါသော ရေငုပ် ယာဉ် သည် ပင်လယ်ရေနက်သို့ စူးစမ်းလေ့လာရေး ၁၈ကြိမ်၊ ပုံမှန်စစ်ဆေးရေးတာဝန် ၃၀ ကျော်နှင့် ကီလိုမီတာ ၁၀၀၀ multi-beam စူးစမ်းလေ့လာရေးတို့ကို ဆောင် ရွက် ခဲ့ပြီး  ရာနှင့်ချီသော ဇီဝနမူနာများကို ရရှိကာ ယင်းခရီးစဉ်ကို အောင်မြင်စွာ ပြီး မြောက် ခဲ့ပါသည်။