မြန်မာနိုင်ငံ ၌ ရေကြီးမှုကြောင့် လူ ၄၁၉ ဦး သေဆုံးခဲ့

(GMT+08:00)2024-09-25 14:35:30  

ဒေသစံတော်ချိန် စက်တင်ဘာလ၂၄ ရက်နေ့ နံနက်ပိုင်းအထိ မြန်မာနိုင်ငံရှိ နေရာအရပ်ရပ်မှ အစီရင်ခံချက်များအရ Yagi  တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့် လူ ၄၁၉ ဦး သေဆုံးခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး မြန်မာနိုင်ငံဌာနမှ မကြာခင်ရက်များက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ယခုအကြိမ်ရေကြီးမှုကြောင့် လူပေါင်း ၈၈ သိန်း ကျော် ရေဘေးသင့်ခဲ့ရကြောင်း သိရှိ ရသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဌာနသည် သတိပေးချက်ထုတ်ပြန်ခဲ့ရာ လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်မှ မုတ်သုံလေကြောင့် မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများ ကြုံတွေ့နေရပြီး ကုန်းတွင်းပိုင်း ဒေသများတွင် ရေကြီး ရေလျှံမှုနှင့် မြေပြိုကျမှုများ အပါအဝင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်ဖွယ်ရာရှိကြောင်း သတိပေးခဲ့သည်။