
ဒေသစံတော်ချိန် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ "၂၀၂၄ခုနှစ် အာရှဖွံ့ဖြိုးရေး အလားအလာ (စက်တင်ဘာလ ဗားရှင်း)" ကို ထုတ်ပြန်ခဲ့ရာ ၂၀၂၄ ခုနှစ် အတွင်း အာရှ- ပစိဖိတ် ဒေသ၏ စီးပွားရေး တိုးတက်မှုသည် ၅ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၄.၉ ရာခိုင် နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။ ၎င်းတို့အနက် ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက် မှုသည် ၄.၈ ရာခိုင် နှုန်း ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။ အာရှရှိ ဖွံ့ဖြိုး ဆဲ စီးပွားရေးအုပ်စုများသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် တက်ကြွသော စီးပွားရေးတိုးတက်မှုကို ထိန်းထား နိုင်ခဲ့ပြီး ငွေကြေးဖောင်းပွမှုမှာ ဆက်တိုက်လျော့ကျသွားကာ အဓိက ငွေကြေးဖောင်းပွမှု အခြေအနေ သည် ကပ်ရောဂါမရှိခင်အဆင့်သို့ လျော့ကျသွားနေပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။








