စက်တင်ဘာလ ၂၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် နယူးယောက်မြို့တွင် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲလ်ဘတ် နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဂျာမဏီဆက်ဆံရေးကို အလွန်အလေးထားကြောင်း၊ ဂျာမဏီနိုင်ငံနှင့်အတူ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုး ပွား စေပြီး အကျိုးစီးပွားပေါင်းစပ်မှုကို ပိုမိုနက်ရှိုင်းစေကာ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တက်နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်သည် တရုတ်နှင့် ဥရောပသမဂ္ဂအကြား သံတမန်ဆက်ဆံရေး ထားရှိသည့် အနှစ် ၅၀ ပြည့်မြောက်သည့်နှစ်ဖြစ်မည်ဖြစ်ပြီး အနှစ် ၅၀ ကြာ တရုတ်-ဥရောပဆက်ဆံရေး ဖြစ်စဉ်မှာ တရုတ်-ဥရောပပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်းသည် နှစ်ဖက်အကျိုး စီးပွားအတွက် အကျိုးရှိသည့်အပြင် ကမ္ဘာ့တည်ငြိမ်ရေးအတွက်လည်း အကျိုးရှိသည်ဟု သက်သေပြနိုင်ကြောင်း၊ တရုတ်-ဥရောပဆက်ဆံရေး၏ အခြေခံအုတ်မြစ်မှာ အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပြီး နှစ်ဖက်စီးပွားရေးမှာ အပြန်အလှန် ဖြည့်စွက်ပေးနိုင်သဖြင့် “1+1>2” ကို အကောင်အထည်ဖော်နိုင်ကြောင်း၊ စီးပွား ကုန်သွယ် ရေးပြဿနာကို နိုင်ငံရေး ကိစ္စ အဖြစ်ထားပြီး အခွန်ကောက်ယူခြင်းကို အလွဲ သုံးစား ပြု လုပ် ခြင်း မှာ မည်သည့်နိုင်ငံ၏ အကျိုးစီးပွားနှင့်မဆို မကိုက်ညီကြောင်း၊ ကမ္ဘာ့ အစိမ်းရောင် ကူးပြောင်း ရေးအတွက် အကျိုးမရှိကြောင်း၊ ဂျာမဏီနိုင်ငံ အပါအဝင် ဥရောပသမဂ္ဂအား တံခါးဖွင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စွဲကိုင်ထားပြီး ဆွေးနွေးခြင်း၊ ညှိနှိုင်း ဆောင် ရွက် ခြင်းတို့ကို စွဲကိုင်ထားကာ သက်ဆိုင်ရာပြဿနာများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်း၍ နိုင်ငံတကာကုန်သွယ်ရေးစည်းကမ်းများနှင့် တရားမျှတသော ပတ်ဝန်းကျင်ကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
အန်နာလီနာဘဲလ်ဘတ် က တရုတ်နိုင်ငံသည် ဂျာမဏီနိုင်ငံ၏ အရေးအကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန် အကျိုးရှိစေပြီးနယ်ပယ်ကျယ်ပြန့်ကြောင်း၊ ဂျာမဏီနိုင်ငံမှ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေးမူဝါဒကို စွဲကိုင်ထားခြင်းမှာ ပြောင်းလဲမှု မရှိကြောင်း၊ ဂျာမဏီ နိုင်ငံ ကလည်း လွတ် လပ်သောကုန်သွယ်ရေးနှင့် တရားမျှတသောယှဉ်ပြိုင်မှုကို စွဲကိုင်ထားပြီး ပွင့်လင်း မြင် သာ သော ဆွေးနွေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းကာ နိုင်ငံတကာကုန်သွယ်ရေးစည်းကမ်းနှင့် စည်းစနစ်များကို ကာကွယ် ထိန်းသိမ်းသင့်သည်ဟု ယူဆကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံး Single Market ဖြစ်သော ဥရောပသမဂ္ဂသည် ဈေးကွက်တံခါးဖွင့်ရေးကို ကာကွယ်ထိန်းသိမ်းရန် ကြိုပမ်း ဆောင်ရွက်သင့်ကြောင်း၊ ဂျာမဏီနိုင်ငံအနေဖြင့် နိုင်ငံတကာအရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံမှ အရေးပါသော အခန်းကဏ္ဍကို အလေးထားပြီး တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂအပါအဝင် ဘက်ပေါင်းစုံစနစ်တွင် ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ဥရောပသမဂ္ဂနှင့် တရုတ် နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်းအကျပ်အတည်း၊ အရှေ့အလယ်ပိုင်းအခြေအနေ နှင့်ပတ်သက်ပြီးလည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းအရ သိရှိရ သည်။