ဒေသစံတော်ချိန် စက်တင်ဘာလ ၂၄ ရက်နေ့က ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် အမေရိကန်အပါအဝင် နိုင်ငံအနည်းစုက တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်သည် ပူးတွဲမိန့်ခွန်းနှင့် သီးခြားမိန့်ခွန်းများဖြင့် တရုတ်နိုင်ငံ၏တရားမျှတသောရပ်တည်ချက်များကို ထောက်ခံကြောင်းနှင့် လူ့အခွင့်အရေး ကိစ္စများကို နိုင်ငံရေးကိစ္စအဖြစ် ဆောင်ရွက်ခြင်းအား ဆန့်ကျင်ကြောင်း ပြော ကြား ခဲ့ကြသည်။