တရုတ်နိုင်ငံတော် အာကာသလုပ်ငန်း ဦးစီးဌာနက တရုတ်နိုင်ငံသည် လကမ္ဘာ စူးစမ်းရေး လုပ်ငန်းများကို ခြေလှမ်းမှန်မှန် တွန်းအားပေးနေသည့်အပြင် အခြားသော အာကာသ စူးစမ်းရေး စီမံကိန်းများကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင်နေကြောင်း၊ တရုတ်နိုင်ငံသည် လာမည့်နှစ်တွင် Tianwen -၂ အာကာသယာဉ်ကို လွှတ်တင်မည် ဖြစ်ပြီး ဂြိုဟ်သိမ်ပေါ် နမူနာယူပြီး ကမ္ဘာ မြေ သို့ ပြန်လာရေး တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ ၂၀၂၈ ခုနှစ် ဝန်းကျင်တွင် Tianwen -၃ အာကာသယာဉ်ကို လွှတ်တင် မည် ဖြစ်ပြီး အင်္ဂါဂြိုဟ်တွင် နမူနာ ယူပြီး ကမ္ဘာ မြေ သို့ ပြန်လာရေး တာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ် ဝန်းကျင်တွင် Tianwen -၄ အာကာသယာဉ်ကို လွှတ်တင်မည် ဖြစ်ပြီး ဂျူပီတာဂြိုဟ်ကို စူးစမ်းလေ့လာမည် ဖြစ်ကြောင်း၊ ထို့ပြင် အကြီးစား သယ်ဆောင် ဒုံးပျံနှင့် အကြိမ်ကြိမ် သုံးနိုင်သော အာကာသ သယ်ဆောင်ရေး စနစ်များကိုလည်း နက်ရှိုင်းစွာ လေ့လာမည် ဖြစ်ကြောင်း၊ အာကာသ စူးစမ်းလေ့လာရေးကို တွန်းအားပေးမည့် တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။