ယနေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် တရုတ် ပြည်သူ့ ဘဏ် ဥက္ကဋ္ဌ Pan Gongsheng က တရုတ်ပြည်သူ့ဘဏ်သည် တန်ဖိုးနည်းအိမ်ရာ ပြန်လည်ချေးငွေမူဝါဒကို ဗဟိုဘဏ်မှ ငွေကြေး ထောက်ပံ့မှု အချိုးအစား အား ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခင် တည်ထောင်ထားသည့် တန်ဖိုးနည်း အိမ်ရာ ပြန်လည်ချေးငွေ ယွမ် ဘီလီယံ ၃၀၀ တွင် ဗဟိုဘဏ်မှ ငွေကြေး ထောက်ပံ့မှု အချိုးအစားကို ၆၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ဗဟိုဘဏ်သည် တန်ဖိုးနည်းအိမ်ရာ ပြန်လည် ချေးငွေမူဝါဒ ငွေကြေး ထောက်ပံ့မှု အချိုးအစားကို 60% မှ 100% သို့ တိုးမြှင့်မည်
(GMT+08:00)2024-09-24 13:40:12