ဝမ်ယိသည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ယိုကို ကာမီကာဝါ နှင့် တွေ့ဆုံ

(GMT+08:00)2024-09-24 10:31:35  

   ဒေသစံတော်ချိန် စက်တင်ဘာလ ၂၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ကန်းလှမ်းချက်အရ နယူးယောက်မြို့၌ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ယိုကို ကာမီကာဝါ နှင့် တွေ့ဆုံခဲ့သည်။

  ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နှင့် ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန် အကျိုးရှိစေရေး ဆက်ဆံမှုကို ဘက်စုံ တွန်းအားပေးခြင်းသည် နှစ်ဖက်တို့၏ ဘုံ တာဝန် ဝတ္တရား ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ အနေနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၏ မှန်ကန်သော ဦးတည် ချက်ကို ကိုင်ဆောင်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ၏ သဘောတူညီချက်များကို လက်တွေ့ ကျကျ ဖော်ဆောင်ကာ နှစ်နိုင်ငံ ဆက်ဆံမှု ပုံမှန်တည်ငြိမ်စွာ တိုးတက်လာအောင် တွန်းအား ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

   ယိုကို ကာမီကာဝါက ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံမှုကို အလေး ထား ကြောင်း၊ နိုင်ငံတကာ အခြေအနေတွင် အဆက်မပြတ် မြင့်တက်လာနေသော စိန်ခေါ်မှု အန္တရာယ်များကို ရင်ဆိုင်လျက် ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် အဆင့်နှင့် နယ်ပယ် အသီးသီး တွင် ကူးလူးဆက်သွယ် ဆွေးနွေးမှုများကို ထိန်းထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။