ယူကရိန်း စစ်လက်နက် ခဲယမ်းမီးကျောက် သိုလှောင်ခန်းကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားဆို၊ ရုရှားနှင့် ပြင်းထန်သောတိုက်ပွဲ ဆက်ဖြစ်နေကြောင်း ယူကရိန်းဆို

(GMT+08:00)2024-09-24 13:23:01  

ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်၏ အီလက်ထရွန်းနစ် စစ်အခြေစိုက်စခန်း၊ ခဲယမ်း မီးကျောက် သိုလှောင်ခန်း၊ အမြောက်ပစ်ရေဒါများစသည့် ပစ်မှတ်များကို တိုက်ခိုက် ခဲ့ကြောင်း၊ ထို့အပြင် ရုရှားသည်  ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့်  ယူကရိန်းဒုံးကျည်များ၊ လေကြောင်း ဗုံး များ၊ ဒုံးပျံများနှင့် ဒရုန်းများကို ကြားဖြတ်ဟန့်တားခဲ့ပြီး Kurskနှင့် Sumy စသည့် ဒေသ များတွင် ယူကရိန်း အမြောက်များ၊ သံချပ်ကာယာဉ်များနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ် ရေးဝန်ကြီးဌာနက ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့တွင် သတင်း ထုတ်ပြန် ခဲ့သည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းအထိ ယူကရိန်းစစ်တပ်သည် Kharkiv၊ Pokrovsk၊ Kulakhovoစသည့် ဒေသများတွင် ရုရှားစစ်တပ်များနှင့် အကြိမ်တစ်ရာနီးပါး  တိုက်ခိုက် ခဲ့ကြောင်း ယူကရိန်း တပ်မတော် စစ်ဦးစီးဌာနချုပ်က သတင်းထုတ်ပြန်ခဲ့သည်။