စက်တင်ဘာလ၂၃ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ သည် နယူးယောက်မြို့တွင် ကျင်းပသော ကုလသမဂ္ဂ အနာဂတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကာ တူညီသော ကံကြမ္မာကို စွဲကိုင်ပြီး သာယာသော အနာဂတ်ကို အတူတကွဖန်တီးခြင်းဟူသောခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဝမ်ယိ သည် တရုတ်နိုင်ငံ၏ အဆိုပြုချက် ၄ ရပ်ကို ရှင်းလင်းဖော်ပြခဲ့ပါသည်။ ၄င်းထဲတွင် ငြိမ်းချမ်းတည်ငြိမ်သော အနာဂတ်ကို ဖန်တီးရခြင်း၊ ဖွံ့ဖြိုးတိုးတက်ပြီး စည်ပင် သာယာသော အနာဂတ်ကို ဖန်တီးရခြင်း၊ တရားမျှတသော အနာဂတ်ကို ဖန်တီးရခြင်းနှင့် ပိုမိုသာယာသော အနာဂတ်ကို ဖန်တီးရခြင်းတို့ ပါဝင်ပါသည်။
ဝမ်ယိ က ယနေ့ တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် အင်အား တောင့်တင်းသောနိုင်ငံ၊ မွန်မြတ်သော အမျိုးသား ပြန်လည်ရှင်သန်နိုးထရေးလုပ်ငန်းကို ဦးလည်မသုန် ဘက်စုံတွန်းအားပေးနေသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခွင့်အလမ်းသစ်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူသား ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ပြီး ပိုမိုငြိမ်းချမ်းသာယာသော အနာဂတ်ကို အတူတကွ ဖန်တီးရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက် ရန် ဆန္ဒရှိကြောင်း အလေးထားပြောကြားခဲ့ပါသည်။
ဝမ်ယိ သည် ကုလသမဂ္ဂ အနာဂတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်
(GMT+08:00)2024-09-24 15:47:21