ဂျပန်နိုင်ငံ၏ အကြီးဆုံး မီးရထား ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီသည် ရထားဘီးများ တပ်ဆင်ခြင်း ဖြစ်စဉ်အတွင်း တိုင်းတာမှုဒေတာ အတုပြုလုပ်ခြင်းသတင်း ပေါက်ကြားခဲ့ပြီးနောက် ဂျပန်၏ အကြီးဆုံး မီးရထားခရီးသည်ပို့ဆောင်ရေးကုမ္ပဏီ - East Japan Passenger Railway Company ကလည်း သူတို့ကုမ္ပဏီသည် အလားတူ ဒေတာအတု ပြုလုပ်ခြင်း ရှိကြောင်း ယခုလ ၂၀ ရက်နေ့တွင် ဝန်ခံခဲ့သည်။
ဂျပန်နိုင်ငံ၏အကြီးဆုံး မီးရထားခရီးသည် ပို့ဆောင်ရေးကုမ္ပဏီ ဖြစ်သည့် East Japan Passenger Railway Company သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တိုကျိုရှိ ပြုပြင် ထိန်းသိမ်းရေး စခန်း တစ်ခုမှ သက်ဆိုင်ရာဝန်ထမ်းများသည် ဘီးကို axle အတွင်းသို့ ထည့်သွင်းခဲ့ရာတွင် axles ၄၉၀၀ ၏ ဖိအားဒေတာသည် သတ်မှတ်စံချိန်မမီဘဲ ယင်းတို့အနက် ၁၂၀၀ ၏ ဒေတာကို စံကိုက်သော ဒေတာ အဖြစ် ထင်ရာစိုင်း ပြုပြင်ခဲ့ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က ဝန်ခံ ခဲ့သည်။