စက်တင်ဘာလ ၂၃ ရက်နေ့က China Media Group မှ ဦးစီးကျင်းပသော “တိမ်လွှာ ကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅နှစ်ပြည့် အထိမ်းအမှတ် ဩစတြေးလျ သီးသန့်လှုပ်ရှားမှုကို စက်တင်ဘာလ ၂၃ ရက်နေ့က သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး (ဝန်ကြီးအဆင့်)၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့ပြီး သြစတြေးလျနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Xiao Qian သည်လည်း လှုပ်ရှားမှုသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ သြစတြေးလျနိုင်ငံရေးနှင့် ကုန်သွယ်ရေးလောက၊ တတ်သိ ပညာရှင်များအသင်း၊ မီဒီယာနှင့် သြစတြေးလျနိုင်ငံရှိ တရုတ်လူမျိုးနှင့် တရုတ်နွယ် ဖွား ကိုယ်စားလှယ်များအပါအဝင် ဧည့်သည်တော် ၁၀၀နီးပါးခန့် လှုပ်ရှားမှုသို့ တက်ရောက် ခဲ့ကြပါသည်။
လူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သည့် ၇၅နှစ်အတွင်းတွင် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရသည့် အောင်မြင်မှုကြီးများကို ရရှိခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် တစ်ကမ္ဘာလုံး စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာ အရေးကိစ္စရပ်များတွင် ပိုမို အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှ-ပစိဖိတ်ဒေသအပါအဝင် နိုင်ငံအသီးသီးတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့် အလမ်းသစ်များ၊ စွမ်းအင်သစ်များကို ထောက်ပံ့ပေးနေကြောင်း တစ်ညီတစ်ညွတ်တည်း ယူဆ ခဲ့ ကြပါသည်။
“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅နှစ်ပြည့်အထိမ်းအမှတ် သြစတြေးလျ သီးသန့်လှုပ်ရှားမှုကို ကျင်းပ
(GMT+08:00)2024-09-24 15:43:58