စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်းမှစ၍ အစ္စရေး စစ်တပ်သည် လက်ဘနွန် ဟက်ဇ်ဘိုလာပါတီ ပစ်မှတ်များကို အကြိမ်ပေါင်း တစ်ထောင်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရာနှင့်ချီသော လက်ဘနွန် ဟက်ဇ်ဘိုလာပါတီ ပစ်မှတ်များကို ဆက်လက် တိုက်ခိုက် သွား မည် ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးစစ်တပ်မှ စက်တင်ဘာလ ၂၃ ရက်နေ့ညက ကြေညာခဲ့သည်။
နောက်ဆုံးရအချက်အလက်များအရ ယခုလ ၂၃ ရက်နေ့ညအထိ ပစ်မှတ် ၁၃၀၀ ကျော်သည် အစ္စရေး စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရပြီး အမျိုးသမီးနှင့် ကလေးများ အပါအဝင် လူ ၂၀၀၀ ကျော် သေကျေဒဏ်ရာရရှိခဲ့ပြီ ဖြစ်ကာ လက်ရှိ အချိန်တွင် သေဆုံးဒဏ်ရာ ရရှိသူဦးရေ တိုးများ လာနေသေးကြောင်း၊ ယင်းသည် ယခုနှစ် အောက်တိုဘာလက နှစ်ဖက်အကြား အချင်းပွားမှုများ ဖြစ်ပွားခဲ့သည့် နောက်ပိုင်း အစ္စရေးစစ်တပ်မှ လက်ဘနွန် အား အတိုင်းအတာ အကြီးမားဆုံးသော တိုက်ခိုက်မှု ဖြစ်ကြောင်း သိရပါသည်။