တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၃ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ ခန်းမဆောင်ကြီး၌ လကမ္ဘာ စူးစမ်းလေ့လာရေး လုပ်ငန်းစဉ် ချန်အာ-အမှတ် ၆ အာကာသ ယာဉ် လုပ်ငန်းတာဝန်တွင် ပါဝင်သူများနှင့် တွေ့ဆုံပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က လကမ္ဘာ စူးစမ်းလေ့လာရေး လုပ်ငန်းစဉ်တွင် ရရှိခဲ့သော အောင်ကျိုးရလဒ် များသည် မကြာခင် နှစ်များ၌ မိမိတို့သည် သိပ္ပံနည်းပညာ ဆိုင်ရာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်းဖြင့် ရရှိခဲ့သော သိသာထင်ရှားသည့် အောင်မြင်မှု ဖြစ်ကြောင်း၊ အိပ်မက် အတွက် အားထုတ်ကြိုးပမ်းခြင်း၊ ရဲရင့်စွာ စူးစမ်းလေ့လာခြင်း၊ ပူးပေါင်းဆောင်ရွက် ပြီး အခက်အခဲများကို ကျော်လွှားခြင်းနှင့် အတူတကွ အနိုင်ရရှိခြင်း ဖြစ်သည့် လကမ္ဘာ စူးစမ်းလေ့လာရေး စိတ်ဓာတ်ကို လူ့အဖွဲ့ အစည်း တစ်ရပ်လုံးတွင် အင်တိုက်အားတိုက် ပြန့်ပွားစေပြီး တရုတ် အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေးကို ဘက်စုံ မြှင့်တင်ရန် ကြီးမားသော အင်အားများကို စုစည်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။