အာဆီယံနိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ပလက်ဖောင်းတစ်ခုအဖြစ် အကျိုးဆောင်ပေးမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-09-24 13:31:56  

စက်တင်ဘာလ ၂၃ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ရာ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၊ တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးအပေါ် တရုတ်ဘက်၏ မျှော်မှန်းချက် များနှင့်ပတ်သက်ပြီး သတင်းထောက်၏ မေးခွန်းကို ဖြေဆိုခဲ့သည်။

လင်ကျန့် က အာဆီယံသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ သံတမန်ရေးတွင် ဦးစားပေးရာ နှင့် Belt and Road ပူးတွဲတည်ဆောက်ရေးတွင် အဓိကကျသော ဒေသဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်က ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့သည့်နောက်ပိုင်း တရုတ်-အာဆီယံ ဆက်ဆံရေးသည် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုသည် မြင့်မားသောအဆင့်တွင် လည်ပတ်နေကာ ပိုမို ရင်းနှီး သော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးသည် ခြေလှမ်းမှန်မှန် လှမ်းခဲ့ ကြကြောင်း ပြောကြားသည်။

လင်ကျန့် က တရုတ်ဘက်သည် အာဆီယံနိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ပလက်ဖောင်းတစ်ခုအဖြစ် အကျိုးဆောင်ပေးလိုပြီး လွတ်လပ်သော ကုန်သွယ်မှုဇုန် ဗားရှင်း 3.0 တည်ဆောက်မှုကို အခွင့်ကောင်းအဖြစ်ထားကာ ကုန်သွယ်မှုနှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးချဲ့ရေး၊ ဒေသတွင်း ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်များ၏ အပြန်အလှန် ဆက်သွယ်မှုများကို အားကောင်းစေရေး၊ နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု၏ အလားအလာများကို မြှင့်တင်ရေး၊ ပိုမို အဆင့်မြင့်မားသောအပြန်အလှန် အကျိုး ရှိစေရေးနှင့် ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်မှု တွန်းအား ပေးရေးတို့ကို ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ သည်။