“သမိုင်းထဲက ချန်အန်း”

(GMT+08:00)2024-09-23 11:06:25  

ထန်မင်းဆက်ခေတ်ကို နောက်ခံယူထားတဲ့ ဒီဇာတ်ကားဟာ ရုပ်ရှင်ထူးချွန်ဆု (၉) ဆုအထိ ရရှိခဲ့တာဖြစ်ပြီး လက်ရှိ တရုတ်ရုပ်ရှင်သမိုင်းမှာ ဒုတိယမြောက် ဝင်ငွေအရဆုံး အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကားအဖြစ် ရှိနေပါတယ်။ ထူပေါစစ်တပ်ကြီးရဲ့ ကျူးကျော်မှုကြောင့်  မြို့လေးမှာပိတ်မိနေတဲ့ ထန်အင်ပါယာရဲ့စစ်သူကြီး ကောင်းရှစ်က မိန်းမစိုးအရာရှိတစ်ဦးကို သူ့နဲ့ ကဗျာဆရာကြီး လီပိုင်ရဲ့ အတိတ်အကြောင်းတွေ ပြောပြတဲ့ပုံစံနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ထန်ခေတ်ရဲ့ ဗိသုကာလက်ရာတွေ၊ နံရံဆေးရေးပန်းချီတွေအပြင် ရှေးပန်းချီတွေထဲက လူပုဂ္ဂိုလ်တွေရဲ့ ပုံသဏ္ဌာန်အချိုးအစားတွေကို လေ့လာကိုးကားပြီး ဇာတ်ကောင်ဖန်တီးထားတာကြောင့် ရှေးက ထန်ခေတ်ကို ပြန်လည်ရောက်ရှိသွားသလို ခံစားရမှာဖြစ်ပါတယ်။