၂၀၇၅ ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်ကားဟာ သက်ရှိကွင်းဆက်ရဲ့ အဓိကဖြစ်တဲ့ နေဂြိုဟ် ပျက်စီးသွားမယ့်အကြောင်းနဲ့ လူသားတွေဟာ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်လာရတဲ့အခါ ကမ္ဘာကို နေအဖွဲ့အစည်းမှ ရုန်းထွက်ပြီး နေရာသစ်မှာနေထိုင်နိုင်ဖို့ အရဲစွန့်ကြိုးစားလာကြတဲ့အကြောင်း စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လူသားတွေ သေရေးရှင်ရေးနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ “အေးအတူပူအမျှ” ဆိုတဲ့ အနှစ်သာရကိုဖော်ပြနိုင်ခဲ့တဲ့အပြင် လက်တွေ့ဘဝထဲက အဖြစ်အပျက် အများအပြားကိုပါ ထည့်သွင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်။