ပထမဇာတ်ကားနဲ့ ဆက်စပ်ပြီး ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်ကားမှာတော့ ဂြိုဟ်အင်ဂျင်စက်အလုံးရေ ၁၀၀၀၀ တည်ဆောက်ပြီး ကမ္ဘာဂြိုဟ်ကို နေရပ်အသစ်ဆီ တွန်းပို့နိုင်ဖို့ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ “နေအန္တရာယ်” မကြာခင် ဆိုက်ကပ်လာမှာ ဖြစ်ပြီး နိုင်ငံအသီးသီးရဲ့ ပဋိပက္ခတွေကြား၊ ရှင်သန်ရေးအဆိုပြုချက်တွေကြားထဲက လူသားတွေဟာ ကမ္ဘာပျက်ကပ်နဲ့ ဆက်လက်အသက်ရှင်သန်ဖို့ဆိုတဲ့ စိန်ခေါ်မှုကြီး ၂ ရပ်ကို ရင်ဆိုင်နေရပါတယ်။ ဆက်တိုက်ပေါက်ကွဲမှုတွေနဲ့ အာကာသစခန်းတွေ ပျက်စီးလာတဲ့နောက်မှာတော့ ကမ္ဘာဂြိုဟ်ကို ကယ်တင်ဖို့ ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်းကာလကို ရောက်နေတဲ့လူငယ်တွေဟာ ရှေ့တန်းပြန်ထွက်လာပြီး ကူညီပေးခဲ့ကြပါတယ်။ ဒီဇာတ်ကားဟာ တရုတ်စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဆိုပေမယ့် အနောက်တိုင်းနဲ့မတူတဲ့ အတွေးအခေါ်ဖော်ပြမှုတွေကို ကမ္ဘာကြီးထံ ချပြနိုင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။