ဒီဇာတ်ကားဟာ ရှီးဇန့်ဒေသအလယ်ပိုင်းမှာ အမှန်တကယ်တည်ရှိတဲ့ ရှေးဟောင်းကျေးရွာလေး အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဝါရင့်သရုပ်ဆောင်တွေနဲ့ မဟုတ်ဘဲ ဒေသခံကျေးရွာသူကျေးရွာသားတွေနဲ့သာ ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ဦးချင်းစီတိုင်းဟာ မတူညီတဲ့မျှော်လင့်ချက်ကိုယ်စီနဲ့ စတင်ခဲ့တဲ့ ကီလိုမီတာ ၂၅၀၀ ကျော် ရှည်လျားတဲ့ ဝတ်ပြုခရီးသွားတဲ့အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ တရုတ် - အီတလီ ရုပ်ရှင်ပွဲတော်မှာလည်း အကောင်းဆုံးရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။