ဒေသစံတော်ချိန် စက်တင်ဘာလ ၂၁ ရက်နေ့ ညက အစ္စရေး ထိန်းချုပ်ခံရသူများ၏မိသားစုဝင်များနှင့် တခြားပြည်သူများသည် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ပါလက်စတိုင်း ဟားမတ်စ်က ဂါဇာမှာ ထိန်းသိမ်း ခံထားရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်နှင့် ထိန်းချုပ်ခံရသူများ လဲလှယ်ရေး သဘောတူညီချက် အမြန်ဆုံးရရှိရန် ဆန္ဒပြသူများက ပန်ကြားခဲ့ကြကြောင်း သတင်းအရသိရှိရသည်။
အစ္စရေး နေရာအများအပြားတွင် ဆန္ဒပြမှုများ ဖြစ်ပွား၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အမြန်ဆုံးရရှိရန် ပန်ကြား
(GMT+08:00)2024-09-22 13:05:24