ပြီးခဲ့သည့် တစ်ပတ်အတွင်း လက်ဘနွန်နိုင်ငံ၌ ပေဂျာ (pager) ပေါက်ကွဲမှုများ ၊ Walkie Talkie ပေါက်ကွဲမှုများ နှင့် ဒရုန်း တိုက်ခိုက်မှုများကြောင့် လူ ၇၀ ဦး သေဆုံးသွားကြောင်း ဒေသစံတော်ချိန် ၂၁ ရက်နေ့က လက်ဘနွန် ကျန်းမာရေး ဝန်ကြီးက ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူ ၁၇၇ ဦး ဆေးရုံ၌ ဆက်လက် ရှိနေသေးသည့်အပြင် လူ ၁၅၂ ဦးသည် ICUခန်း၌ ရှိနေသေးကြောင်း၊ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ခွဲစိတ်ကုသမှု ၂၀၇၈ ကြိမ် လုပ်ဆောင်ခဲ့ရ ပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။
ဆက်သွယ်ရေးပစ္စည်း ပေါက်ကွဲမှုနှင့် ဒရုန်း တိုက်ခိုက်မှုများကြောင့် လူ ၇၀ သေဆုံးဟု လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနဆို
(GMT+08:00)2024-09-22 13:06:55