
တောင်ကိုရီးယားနိုင်ငံ နေရာ အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေလျှံမှုနှင့် ရွှံ့မြေပြိုကျမှုများ ဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယား ဗဟို ဘေး အန္တရာယ်နှင့် ဘေးကင်းရေးဆိုင်ရာ ဌာနချုပ်က စက်တင်ဘာလ ၂၁ ရက် တွင် ကြေညာခဲ့သည်။ ဒေသစံတော်ချိန် စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီအထိ တောင် ကိုရီးယားနိုင်ငံမှ ဘူဆန် အပါအဝင် မြို့နှင့်ပြည်နယ် ၆ ခုမှ လူပေါင်း ၉၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရာနှင့်ချီသော လမ်းများ ၊ အိမ်များ၊ဈေး ဆိုင်များ နှင့် လယ်မြေ ဟက်တာ ၄၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ ကြောင်း သတင်းအရ သိရှိရ သည်။








