China Media Group က ဦးစီးကျင်းပသည့် “တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် မက္ကဆီကို သီးသန့်လှုပ်ရှားမှုကို ဒေသစံတော်ချိန် စက်တင်ဘာလ ၂၀ ရက်နေ့ တွင် မက္ကဆီကို မြို့၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက ဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ မက္ကဆီကိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Run ၊ မက္ကဆီကို ဆီးနိတ်လွှတ်တော်၏ အာရှ-ပစိဖိတ်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ၊ မက္ကဆီကို အောက် လွှတ်တော် မက္ကဆီကို-တရုတ်ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌဟောင်း၊ ဆီးနိတ်လွှတ်တော်အမတ် Jedikor Polevinsky တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ မက္ကဆီကို နိုင်ငံရေးနှင့် မီဒီယာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ၊ မက္ကဆီကို အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်နှင့် မက္ကဆီကို ကောလိပ်တို့မှ ဆရာများနှင့် ကျောင်းသားများ အပါအဝင် ဧည့်သည် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
“တိမ်လွှာကြားက စာပေလွှာ - ကျွန်ုပ်၏ တရုတ်ပုံပြင်” တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် မက္ကဆီကို သီးသန့်လှုပ်ရှားမှုကို ကျင်းပ
(GMT+08:00)2024-09-22 13:04:01